Sunday, May 30, 2021

ကျနော်ရဲ့ စရိုက်က ရှေ့ တန်းကလုပ်ရမယ့် သူတယောက် မဟုတ်ဘူး

 

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သည့် ရန်ကုန်မြို့တွင် လွန်ခဲ့သောလအနည်းငယ်အထိ လူငယ် စီးပွားရေး သမားတဦး ဖြစ်ခဲ့သည့် သူရိန်၏ အသံတွင် နာကျည်းမှုများ ရှိနေသည်။

ယခုအခါ သူက တိုင်းပြည်တွင် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရကို ဖေဖော်ဝါရီလ အတွင်းက ဖြုတ်ချခဲ့သည့် ရက်စက်သော မြန်မာစစ်တပ်ကို ဆန့်ကျင်သည့် မြေအောက်ခုခံရေး အဖွဲ့အစည်းတခု တွင်ပါ ဝင်နေသည်။

သူ၏ လျှို့ဝှက် ရဲဘော်များက ပြုလုပ်ခဲ့သည့် လုပ်ကြံ သတ်ဖြတ်မှုတခု အကြောင်း ပြောပြနေသည်။ encrypt လုပ်ထားသော application မှ တဆင့် ကျနော်နှင့်စကားပြောရာတွင် သူရိန် (သူသုံးသော အမည်ဝှက်) က အသေးစိတ် ပြောရန် ဆန္ဒမရှိခဲ့ပါ။ သူ၏ ယေဘူယျလုပ်ဆောင်မှု အကြောင်းနှင့် လျှို့ဝှက်ကွန်ယက်တခု တည်ဆောက်ရာတွင် ကူညီရန် မည်သို့ ဖြစ်လာခဲ့သည်ကိုသာ သူပြောခဲ့သည်။

စစ်အာဏာ မသိမ်းမီ အသက် ၃၀ နီးပါး ရှိပြီဖြစ်သော သူရိန်က ထိုင်းနယ်စပ်အနီးမှ ပဋိပက္ခများ ဖြစ်ပွားနေသော ဒေသတခုတွင် မွေးဖွားခဲ့သူ ဖြစ်ပြီး ဘာသာပြန် လုပ်ငန်းနှင့် ဆော့ဖ်ဝဲ ကုမ္ပဏီတခု အပါအဝင် စီးပွားရေးလုပ်ငန်းများစွာ ရှိသည်။


 စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း အာဏာရှင်စနစ် အသစ်ကို ဆန့်ကျင်၍ ဒီမိုကရေစီပြန်လည်ထူထောင်ရေးကို တောင်းဆိုသော အကြမ်းမဖက်သည့် ဆန္ဒပြလှုပ်ရှားမှုတခုက တဖြည်းဖြည်း ပေါ်ပေါက်လာခဲ့သည်။ စစ်အစိုးရက ကလေးများအပါအဝင် ရာနှင့်ချီသော ဆန္ဒပြသူ များနှင့် ဘေးမှကြည့်နေသူများကို သတ်ဖြတ်ခြင်းနှင့် ထောင်နှင့်ချီသော သူများကို ထိမ်းသိမ်းခြင်း သို့မဟုတ် ဖမ်းဆီးခြင်း တို့ဖြင့် တုန့်ပြန်ခဲ့သည်။

 

အစပိုင်းတွင် သူရိန်က ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သော်လည်း နောက်ပိုင်းတွင် သူ၏ စည်းရုံးနိုင်မှု စွမ်းရည်အရ နောက်ကွယ်မှ အလုပ်လုပ်ရန် ပိုမို သင့်တော်လိမ့်မည်ဟု ဆုံးဖြတ်ခဲ့သည်။ ပြီးခဲ့သည့်လက Insight Myanmar Podcast နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူး တခုတွင် သူက “ကျနော်ရဲ့ စရိုက်က ရှေ့ တန်းကလုပ်ရမယ့် သူတယောက် မဟုတ်ဘူး” ဟု ပြောခဲ့သည်။ “ကျနော့်အရည်အချင်းက နည်းဗျူဟာ ဆိုင်ရာ ချဉ်းကပ်မှု၊ ညှိနှိုင်းဆောင်ရွက်မှုနဲ့ လူတွေကို စိတ်ဓာတ်မြှင့်တင်ပေးမှု ပိုဆန်ပါတယ်။”

သူရိန်က သူ၏ ဖွဲ့စည်းပုံ အကြောင်း ကျနော့်ကို ပြောပြသည်။ သူက အဖွဲ့ ဝင် ၅၀ ခန့်ရှိသော လျှို့ဝှက်အဖွဲ့တခုနှင့် အလုပ်လုပ်သည်။ ၎င်းတို့က ရန်ကုန် ဧရိယာအတွင်းရှိအခြား ကလပ်စည်း ၈ ခုခန့်နှင့် ပူးပေါင်း ဆောင်ရွက်သည်။ အဆိုပါ အဖွဲ့များသည် အာဏာသိမ်းမှု ဆန့်ကျင်ရေးအဖွဲ့များက ပူးပေါင်းဖွဲ့စည်းထားပြီး မြန်မာနိုင်ငံ၏ တရားဝင် အစိုးရ အဖြစ် အခိုင်အမာ ပြောကြားထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ စစ်တပ်အနေဖြင့် မေလ အစောပိုင်းတွင် ဖန်တီးခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ၏ အထူးလုပ်ငန်းအဖွဲ့ အစိတ်အပိုင်းတခု ဖြစ်လာခဲ့သည်ဟု သူက ပြောသည်။

စစ်တပ်က ဖြုတ်ချခံလိုက်ရသည့် ဒေါ်အောင်ဆန်းစုကြည် ဦး ဆောင်သော နိုင်ငံရေး ပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါဝင်နေသည့် NUG က PDF ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းအမျိုးမျိုးနှင့် အဓိက နိုင်ငံရေး အတိုက်အခံများ ပူးပေါင်းရန် ကြိုးစားမည့် ဖက်ဒရယ်တပ်မတော်၏ ရှေ့ပြေး ဖြစ်သည်ဟု ဆိုထားသည်။ (ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ချုပ်နှောင်ထားပြီး ထောင်ဒဏ် တသက်တကျွန်းအထိ အပြစ်ပေးခံရနိုင်သည့် စွဲချက်များစွာဖြင့် ရင်ဆိုင်နေရသည်။) သူရိန်၏ အဆိုအရ ယခုအခါ သူ့အဖွဲ့ သို့ ဝင်ရန် ကြိုးစားနေသူ ၂၅၀ ခန့်ရှိကြောင်း သိရသည်။ သို့သော် သူနှင့် သူ၏ လုပ်ဖော်ကိုင်ဘက်များက မည်သူကို ခွင့်ပြုရမည်ဆိုသည်ကို စစ်ဆေးရန် အလွန်ဂရုစိုက်ကြသည်။

လက်ရှိတွင် သူတို့၏ အဓိကရည်ရွယ်ချက်မှာ စစ်တပ်နှင့်ရဲများက ရပ်ကွက်အုပ်ချုပ်ရေးရုံးများကို ထိန်းချုပ်မှုရယူခြင်းမှ တားဆီးရန် ဖြစ်သည်။ ရပ်ကွက်ရုံးများသည် ရပ်ကွက်များအတွင်း ကြီးမားသော သြဇာလွှမ်းမိုးမှုရှိသည့် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများ ဖြစ်သည်။ မြန်မာဥပဒေများအရ အဆိုပါ ရုံးများသည် ၎င်းတို့၏ စီရင်ပိုင်ခွင့် နယ်မြေအတွင်း နေထိုင်သော ပြည်သူများ စာရင်းကို ထိန်းသိမ်းခြင်း၊ သူတို့၏ နေအိမ်များကို ခြေရာခံခြင်းနှင့် လူတဦးချင်း အိမ်ထောင်စု တခုချင်းနှင့် ပတ်သက်သည့် ကျယ်ပြန့်သော သတင်းအချက်အလက်များကို ထိန်းသိမ်းခြင်းများ ပြုလုပ်သည်။ အဆိုပါ အချက်အလက်များက မည်သူက မည်သည့်နေရာတွင် နေထိုင်သည် ဥပမာအားဖြင့် တိုက်ခန်းတခန်းတွင် မိဘနှစ်ပါးနှင့် ကလေးသုံးယောက်ရှိသည် အစရှိသဖြင့် ဖော်ပြနေသည်။ ထိုသတင်းအချက်အလက်များထဲ အဆောက်အဦးအတွင်း နေထိုင်သူ တဦးချင်းစီ၏ အသက်အရွယ်၊ လူမျိုးနှင့် ဘာသာတို့ ပါဝင်သည်။

သူရိန် ရှင်းပြသည့် အတိုင်းဆိုလျှင် စစ်တပ်နှင့်ရဲတပ်ဖွဲ့ က ထို အချက်အလက်များကို ရယူသွားနိုင်ပါက ၎င်းတို့အနေဖြင့် ပြည်သူလူထုကို ခြေရာခံခြင်းနှင့် စောင့်ကြည့်လေ့လာခြင်း ပြုလုပ်နိုင်မည် ဖြစ်ပြီး နိုင်ငံရေး အတိုက်အခံများနှင့် ဆန့်ကျင် သူများကို ပိုမို ထိရောက်စွာ တားဆီး နှောက်ယှက်နိုင်မည်ဖြစ်သည်။ “အဲဒါက ပြည်သူတွေကို ပုန်းအောင်းဖို့ ပိုပြီး ခက်ခဲစေတယ်။ ” ထို့ကြောင့် သူ၏အဖွဲ့ က လုံခြုံရေးတပ်ဖွဲ့များ ထို ရုံးများကို လွှဲပြောင်း ယူခြင်းမှ ကာကွယ်ရန် ရည်ရွယ် ထားသည်။ “ ရပ်ကွက်ထဲက လူတွေကို စစ်တပ်နဲ့ ရဲတွေအတွက် အလုပ်မလုပ်ဖို့ ကျနော်တို့ သတိပေးတယ်” ဟု သူက ပြောသည်။ “အုပ်ချုပ်ရေးကို စစ်တပ်က ထိန်းချုပ်မထားဘူး ဆိုတာ ကျနော်တို့က သေချာစေချင်တယ်။ ရပ်ကွက် အုပ်ချုပ်ရေးကို ထိန်းချုပ်နိုင်တဲ့သူက နိုင်တယ်။”

ရပ်ကွက်ရုံးများရှိ သတင်းအချက်အလက်အများစုက စက္ကူ ပေါ်တွင် မှတ်သားထားခြင်း ဖြစ်သည်ဟု သူကထောက်ပြသည်။ ထိုအချက်အလက်များအား စစ်တပ်က ရယူခြင်းမှ ကာကွယ်ရန် ရုံးအများအပြား ဗုံးခွဲခြင်း သို့မဟုတ် မီးရှို့ ခံရခြင်းများ ဖြစ်ပွားခဲ့သည်ဟု သူကဆိုသည်။

သူရိန်၏ အဖွဲ့ အတွက် နောက်ထပ် အဓိက ပစ်မှတ်မှာ စစ်တပ် သို့မဟုတ် ရဲတပ်ဖွဲ့သို့ သတင်းအချက်အလက်များ ပေးသည့် သတင်းပေးများ ဖြစ်သည်။ “ အဲဒီအပိုင်းက ရှုပ်ထွေးပါတယ်” ဟု သူရိန်က ပြောသည်။ “သူတို့က တကယ်ကို သတင်းပေးတွေလားဆိုတာကို ကျနော်တို့က သက်သေအထောက်အထားရှာရ ပါတယ်။ သူတို့က လူတွေအတွက် အန္တရာယ်ရှိတယ်ဆိုတဲ့ အထောက်အထားရှိမှသာ ကျနော်တို့ လှုပ်ရှားပါတယ်။”

များသောအားဖြင့် သူနှင့် သူ့၏ ရဲဘော်ရဲဘက်များက သတင်းပေးများ သို့မဟုတ် စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်သူ များကို စည်းရုံးရေးအပေါ် ၌ အားထားသည်ဟု သူက ပြောသည်။ “ကျနော်တို့က သူတို့ကို သုံးလေးကြိမ်လောက် သတိပေးပါတယ်။ ကျနော်တို့က သူတို့ကို အဲဒီဧရိယာကနေထွက်သွားခိုင်းတယ်။” တခါတရံမှာ တွင် သူတို့က သူတို့၏ ပစ်မှတ်များထံသို့ စာပို့ခြင်း သို့မဟုတ် ရုံးများတွင် သတိပေးစာကပ်ခြင်းများ ပြုလုပ်သည်။ “ဒီ ဧရိယာက ပြည်သူတွေက မင်းတို့ကို ဒီမှာ မလိုချင်ဘူး လို့ ကျနော်တို့ပြောတယ်။ မင်း ထွက်သွားသင့်တယ်” ဟု သူက ထပ်ပြောသည်။ “ကျနော်တို့ က ဘယ် သူ့ကိုမှ မသတ်ချင်ပါဘူး။ ပြီးတော့ ကျနော်တို့ လုပ်သမျှ အကြိမ် အားလုံးနီးပါး အောင်မြင်ခဲ့ပါတယ်။” သို့သော်လည်း “တကယ်လို့ သူတို့က သဘောမတူဘူး ဆိုရင် ကျနော်တို့က ဖယ် ရှားပစ်တယ်”ဟု သူက ပြောသည်။

၎င်းမှာ မည်သို့ ဆိုလိုပါသနည်း။ တိကျသော ခြိမ်းခြောက်မှု တခုလား။ အကယ်၍ သူတို့၏ ပစ်မှတ်များကို ဆွဲဆောင်၍ မရလျှင် မည်သို့ ဖြစ်မည်နည်း။ သူရိန်က နောက်ထပ်ပြောပြရန်တွန့်ဆုတ်နေသည်။ “ကျနော်တို့ နောက်တဆင့်ကို သွားရမယ်” ဟုသာ မှတ်ချက်ပေးသည်။

ထို့နောက် သူက အကြောင်းအရာ ပြောင်းလိုက်ပြီး သူ့ ကလပ်စည်း၏ လုပ်ငန်းသည် သူနှင့် အခြားသူများက ယုံကြည်ထားသည့် စစ်တပ်နှင့် အတိုက်အခံများ ကြားတွင် ဖြစ်လာတော့မည့် ပြည်တွင်းစစ်အတွက် ပြင်ဆင်နေခြင်းဖြစ်သည် ဟု မှတ်ချက်ပြုခဲ့သည်။ “အဲဒါ ဖြစ်လာခဲ့ရင် ကျနော်တို့က စစ်တပ်နဲ့ ရဲနဲ့ အတူ အလုပ်လုပ်တဲ့သူတွေ မြို့နယ်တွေနဲ့ အုပ်ချုပ်ရေး အဖွဲ့ တွေ အတွက် အလုပ်လုပ်နေတဲ့သူတွေ နည်းစေချင်တယ်။”

သူ့အဖွဲ့က စစ်တပ်နှင့် ရဲကို တိုက်ရိုက်တိုက်ခိုက်ရန် စတင် စီစဉ်နေသည်ဟု သူက ကျနော့်ကိုပြောသည်။ လတ်တလောတွင် မဟုတ်နိုင်သော်လည်း မကြာမီ ဖြစ်ကောင်းဖြစ်လာလိမ့်မည်။ ထိုလမ်းကြောင်းအတွက် သူနှင့် သူ၏ လုပ်ဖော်ကိုင်ဖက်များတွင် မရှိသေးသော လက်နက်များနှင့် လေ့ကျင့်မှု လိုအပ်သည် ဟု သူကဆိုသည်။ အကယ်၍ သူတို့က ယခုအချိန်တွင် စစ်တပ် နှင့် ရဲကို တိုက်ရိုက်တိုက်ခိုက်မည်ဆိုပါက “ကျနော်တို့ အနိုင်ရနိုင်တဲ့ အခွင့်အလမ်းက အလွန်နည်းပါးတယ်” ဟု သူကမှတ်ချက်ချသည်။ သို့သော်လည်း သူ၏အဖွဲ့က အခြားသူများကဲ့သို့ပင် ယခုအခါ ရိုင်ဖယ်နှင့် သေနတ်များ အပါအဝင် လက်နက်များ စုဆောင်းရန် စတင်နေပြီဖြစ်သည်။

သူတို့က လက်နက်အချို့ကို နယ်စပ်မှ ရန်ကုန်သို့ မှောင်ခိုတင်သွင်းခဲ့ပြီး NUG က လာမည့် ရက်သတ္တပတ်များအတွင်း ၎င်း၏ တပ်ဖွဲ့ကို မြှင့်တင်နိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။ PDF မှ ကိုယ်စားလှယ်များက သူတို့အဖွဲ့အား စစ်တပ်ကို တိုက်ခိုက်ရန် စတင်မည့် အချိန်ဇယား ပေးခဲ့သည်ဟု သူကပြောသည်။ ထိုအချက်အလက်က လျှို့ဝှက် ဖြစ်သည်။

သူရိန်၏ အဆိုအရ မေလလယ်တွင် သူ၏ အဖွဲ့ဝင် ၂ ဦး အဖမ်းခံခဲ့ရသည်။ မြေအောက်လှုပ်ရှားမှုများကြောင့် မဟုတ်ဘဲ လူထုဆန္ဒပြပွဲများတွင် ပါဝင်ခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် အဖွဲ့ဝင်များကို ဆန္ဒပြပွဲများတွင် ပါဝင်ခြင်း မပြုရန် အမိန့်ထုတ်ပြန်ခဲ့သည်။ မည်သည့် အဖွဲ့ဝင်မဆို ဖမ်းဆီးခံရခြင်းက အဖွဲ့တခုလုံးကို အန္တရာယ်ဖြစ်စေနိုင်သည်။ ထိုဖမ်းဆီးမှုများ နောက်ပိုင်းတွင် ရဲအဖွဲ့က သူတို့အဖွဲ့အပေါ် အရေးယူ ဆောင်ရွက်မှုများပြုလုပ်ခဲ့ခြင်းက သူရိန်နှင့် သူ၏ လုပ်ဖော်ကိုင်ဖက်များကို ဖမ်းဆီးခံထားရသူ ၂ ဦးက နှိပ်စက်ညှင်းပန်းခြင်း ခံရပြီး သူတို့ အဖွဲ့နှင့် ပတ်သက်၍ သတင်း အချက်အလက်များ ပေးခဲ့သည်ဟု ကောက်ချက်ချရန် ဖြစ်စေခဲ့သည်။ (အခြား သော ထိန်းသိမ်းခံရသူများက သူတို့ကို ထိန်းသိမ်းထားစဉ် ညှင်းပန်းနှိပ်စက်မှုကို ထုတ်ဖော် ပြောဆိုခဲ့ကြသည်။)

ထိုဖမ်းဆီးမှုများမတိုင်မီ သီတင်းပတ်များစွာ အလိုတွင် သူတို့ အဖွဲ့မှ အခြားသူ ၂ ဦး ဖမ်းဆီး သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ “သူတို့က ကျနော့်ကို ဖော်ခဲ့တယ်” ဟု သူကပြောသည်။ “ရဲတွေက ကျနော့် နာမည်ကို မသိဘူး၊ ဒါပေမယ့် ကျနော့်လိုမျိုး လုပ်နေတဲ့ လူတယောက် ရှိတယ်ဆိုတာ သူတို့သိတယ်။” လုံခြုံရေးတပ်ဖွဲ့များက သူ့ နောက်ကို လိုက်နေကြသည်ဟု သူက ယုံကြည်သည်။ အကျိုးဆက်အနေဖြင့် တနေရာမှ တနေရာသို့ မကြာခဏ ပြောင်းရွှေ့နေရပြီး သူငယ်ချင်းများနှင့် အတူ နေရလေ့ ရှိသည်။ ဧပြီလ အတွင်းတွင် သူက အိမ်ယာဝင်းတခု အတွင်းမှ တိုက်ခန်းတခန်းတွင် ရှိနေစဉ် ရဲအဖွဲ့က ထိုအိမ်ယာ ဝင်းကို ရောက်စီးနင်း၍ ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။ သူပုန်းအောင်းနေသည့် တိုက်ခန်းမှာ ရဲအဖွဲ့က မရှာဘဲ ကျော်သွားသည့် တခုတည်းသောနေရာ ဖြစ်သည်။ သူ့အနေဖြင့် မကြာခဏ ထိတ်လန့်တုန်လှုပ်နေရပြီး ပန်းချီဆွဲခြင်း၊ ကဗျာရေးခြင်းနှင့် တရားထိုင်ခြင်း တို့ဖြင့် မိမိကိုယ်ကို အေးဆေးတည်ငြိမ်အောင် ကြိုးစားရသည်။

တွန့်ဆုတ်မှု အချို့ နှင့်အတူ သူရိန်က အကြမ်းဖက် နည်းလမ်း အသုံးပြုရေး ခေါင်းစဉ်သို့ ပြန်လည်ရောက်ရှိလာသည်။ သူနှင့် သူ၏ လျှို့ဝှက်လုပ်ဖော်ကိုင်ဖက်များက ထိုကဲ့သို့သော နည်းလမ်းများကို ပြုလုပ်ရန် စိတ်မဝင်စားကြဟု သူက အခိုင်အမာ ပြောသည်။ “ကျနော်တို့က သူတို့ (သူ့အဖွဲ့၏ ပစ်မှတ်များ) ထွက်သွားဖို့ကိုပဲ အမြဲတမ်း ကြိုးစားပါတယ်။ သူတို့ ထွက် မသွားမှသာ နောက်တဆင့်ကို လုပ်တာပါ။” သူက ခဏရပ် လိုက်ပြီးနောက် “ကျနော်တို့ လုပ်ခဲ့တာ တကြိမ်ပဲ ရှိပါတယ်” ဟု ဆက်ပြောသည်။

အနီးအနားမှ မြို့နယ်တခုတွင် ဒီမိုကရေစီ လိုလားသည့် အတိုက်အခံများကို ဦးတည်သော သူလျှိုကွင်းဆက် တခုကို ဦးဆောင်နေသူတဦး ရှိသည်ဟု သူရိန်က ပြောသည်။ ထိုသူက စစ်တပ်နှင့်ရဲတပ်ဖွဲ့သို့ သတင်း အချက်အလက်များ ပေးခဲ့ပြီး အနည်းဆုံးလူ ၁၀ ဦး သေဆုံးရကာ အခြားသူများ ဖမ်းဆီးခံခဲ့ရသည်။ “အဲဒီမြို့နယ်က လူတွေ အရမ်းကြောက်ခဲ့ရတယ်” ဟု သူက ပြန်ပြောပြသည်။ ထိုပစ်မှတ်တွင် သက်တော်စောင့်များ ရှိသော်လည်း သူရိန်နှင့် အဖွဲ့က သူလျှိုဟု သံသယရှိသောသူနှင့် နီးစပ်သူ တယောက်ထံမှ သတင်းအချက်အလက်များကို အသုံးပြု၍ အစောင့်များကို ရှောင်ရှားရန် နည်းလမ်းတခု တွေ့ရှိခဲ့သည်။ အဖွဲ့ဝင် ၂ ဦးက အနီးသို့ ကပ်၍ သူ့ကို သတ်ပစ်ခဲ့သည်။

“လက်နက်နဲ့လား” ဟု ကျနော်က မေးသည့်အခါ “လက်နက်နဲ့ မဟုတ်ဘူး” ဟု သူရိန်က ပြန်ဖြေသည်။ “ သူ ဘာဖြစ်သွားတယ်ဆိုတာ ဘယ်သူမှ မသိကြဘူး။ ဒီလိုပဲ ပျောက်သွားတယ်။ ကျနော်တို့ကလည်း နာမည်မယူဘူး။ ကျနော်တို့ ဘယ်တော့မှ နာမည်မယူဘူး။ ကျနော်တို့အဖွဲ့က တစ္ဆေ အဖွဲ့တခုပါ။”

အလောင်းကို ပျောက်ကွယ်သွားအောင် လုပ်ရန် ခက်ခဲခဲ့ပါသလား။ “အဲဒါ မရှုပ်ထွေးပါဘူး” ဟု သူက ဆိုသည်။ “အလွန်ရိုးရှင်းပါတယ်။ ကျနော် မပြောချင်ဘူး။ ”

ထိုစစ်ဆင်ရေးနှင့် ပတ်သက်၍ သူရိန်က “လုပ်ကြံသတ်ဖြတ်ခြင်းက အစွန်းရောက်ပါတယ်။ ကျနော်တို့က အစွန်းရောက် တွေ မဟုတ်ပါဘူး။ ဒီထက်ပိုပြီး နာကျင်စရာ မရှိတော့ပါဘူး။ ကျနော်က စီးပွားရေး သမား တယောက်၊ ကော်ပိုရိတ်အတိုင်ပင်ခံ တယောက်ပါ။ ဒါပေမယ့် ကျနော်တို့က တော်လှန်ရေးထဲမှာ ရောက်နေတဲ့အခါ ကျနော်တို့ မလုပ်ချင်ပေမယ့် ကျနော်တို့ လုပ်ရမယ့် အရာတွေ ရှိပါတယ်။ အဲအတွက် ကျနော် စိတ်မချမ်းသာပါဘူး။ အဲဒါကိုတော့ ခင်ဗျားတို့ သိထားသင့်ပါတယ်” ဟု ပြန်လည်သုံးသပ်သည်။

ထို့နောက် ဝမ်းနည်းမှုများ ပါဝင်သည့် အသံဖြင့် ထပ်ပြောသည်။ “ ကျနော်က စစ်အစိုးရ လက်အောက် ကြီးပြင်းလာခဲ့ရတယ်။ ကျနော်တို့ နောက်ကြောင်း ပြန်မသွားချင်ဘူး။ ကျနော်က စီးပွားရေးလုပ်ငန်း ၃ ခု ပိုင်ရှင်ပါ။ ကျနော်နဲ့ တခြားပြည်သူတွေက အရင်က အမှောင်ခေတ်ကို ပြန်မသွားချင်ကြဘူး။ ကျနော်တို့ရဲ့ မျှော်လင့်ချက်အတွက် ကျနော်တို့ တိုက်ပွဲဝင်နေတယ်။ ခင်ဗျားတို့က ခင်ဗျားတို့ တိုင်းပြည်မှာ ရှိနေတာ ကံကောင်းတယ်။ ကျနော်တို့ကတော့ တိုက်ရဦးမယ်။”

(အမေရိကန် သတင်းဌာန Mother Jones ၏ ဝါရှင်တန်ရုံးခွဲ ဌာနမှူး David Corn ရေးသားသော An Assassination in Myanmar…and Preparing for a Civil War ကို ဘာသာပြန်ဆိုသည်။)

Monday, May 24, 2021

Business War

 

မြန်မာနိုင်ငံသည် ကြီးစွာသော စီးပွားရေးနှင့် လူသားရေးရာ ကပ်ဘေးကြီးများကို ရင်ဆိုင်နေရသည်။ တိုင်းပြည်ရှိ အဆင်းရဲဆုံးနှင့် ထိခိုက်နစ်နာရန် အလွယ်ဆုံးသူများအတွက် အကာအကွယ်၊ အထောက်အပံ့များ ဖန်တီးပေးရန် အရေးပေါ် လိုအပ်နေသည်။ ထိုသို့ ကူညီကာကွယ် ထောက်ပံ့ရာတွင်လည်း အာဏာရှင်စနစ် အမြစ်တွယ်သွားရန် မဖြစ်ဖို့ အထူးသတိပြုရန် လိုအပ်သည်။

ဤအကျပ်အတည်းကို ဖြေရှင်းရင်း မြန်မာနိုင်ငံ၏ အလွန်အမင်း မညီမျှသော၊ လူနည်းစုသာ အမြတ်ကြီးစားနိုင်သည့် နိုင်ငံရေးအခြေပြုစီးပွားရေးစနစ်ကိုလည်း အသွင်ပြောင်းပစ်နိုင်ဖို့လည်း အလွန်အရေးကြီးလှသည်။ ဤသည်မှာ ဒီမိုကရေစီအတွက် လိုအပ်သည့် အပြောင်းအလဲဖြစ်သည်။ လွတ်လပ်ပြီး ပို၍ ညီမျှတိုးတက်သည့် လူ့အဖွဲ့အစည်းကို ထူထောင်ရေးအတွက် အဓိကသော့ချက်လည်း ဖြစ်သည်။

အာဏာရှင်စနစ်ကို ဆန့်ကျင်ရမည်မှာ မှန်သော်လည်း ဒီမိုကရေစီတစ်ခုတည်းသည် မလုံလောက်ပေ။ နောင်လာမည့်လများတွင် ခေါင်းဆောင်မျိုးဆက်သစ်တစ်ခု ပေါ်ထွန်းလာလိမ့်မည်။ အများစုက မြန်မာ့နိုင်ငံရေး၏ အချက်အချာကို လူမျိုးရေးအခြေပြု အမျိုးသားရေးမဖြစ်စေလိုကြတော့ဘဲ လူမျိုးရေး၊ ဘာသာရေးများကို ကျော်လွန်နိုင်မည့် မိတ်ဖွဲ့သစ်များ ဖြစ်ပေါ်လာရန် လိုလားကြသည်။ ဤသည်ကို ကြိုဆိုသင့်သည့်အပြင် အနာဂတ်တွင် အောင်မြင်မှုရရှိနိုင်ရေး အတွက်လည်း အဓိကကျသည်။ ဆင်းရဲချမ်းသာကွာဟမှု၊ မဖွံ့ဖြိုးမှု၊ ထိခိုက်နစ်နာလွယ်သူများကို ကာကွယ်မှုတို့ကိုလည်း အလေးထား စဉ်းစားကာ မနက်ဖြန်တွင် ပို၍ မျှတသည့် နိုင်ငံရေးအခြေပြုစီးပွားရေးကို ပြန်လည် ဖန်တီးပုံဖော်နိုင်ရန် အထူးအရေးကြီးပေသည်။

May 2021 | Myanmar Now

Friday, May 21, 2021

ပြည်သူတွေ စိတ်နာလာပြီဆိုရင် " မောင်ဖုန်းတောင် "

 စိတ်နာသွားရင် မလုပ်ရဲတာ မရှိတော့ဘူး
===================

စစ်ကား ချောက်ထဲကျပြီး သေကြတယ်ဆိုတဲ့ Post တွေ့တော့ မောင်ဖုန်းတောင် ကို
ပြေးသတိရ လိုက်တယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲ နဲ့ သီပေါကြားမှာ
မောင်ဖုန်းတောင် ဆိုတာရှိပါတယ်။( ကားဆရာ အများပေးထားတဲ့တောင်ပါ)

၁၉၅၉ - ၁၉၆၀ ခုနှစ် ဝန်းကျင် လောက်က ဖြစ်ခဲ့တဲ့ အဖြစ်အပျက် လေးတခုပေါ့

မောင်ဖုန်းလို့ ခေါ်တဲ့ ကားဒရိုင်ဘာ နှင့် စပါယ်ယာ မောင်းနှင်လာတဲ့ကားကို ကျောက်မဲမှာ ထမင်းစား နားနေတုန်း

စစ်ကြောင်းတစ်ခုက စစ်ကြောင်းမှူးက မောင်ဖုန်းကားကိုချောဆွဲရာမှ စတယ်လို့ပြောရမှာပေါ့

ကားဆရာ မောင်ဖုန်းနှင့် သူ့ စပါယ်ယာ နှစ်ယောက်တို့က ကျောက်မဲမှာ ထမင်းစားနားနေတုန်း

စစ်ကြောင်း တခု က စစ်ကြောင်းမှူး က " ခင်ဗျားကားကို ကျုပ်တို့ချောဆွဲတယ်" " ကျုပ်တို့ သွားရမဲ့နေရာ လိုက်ပို့ရမယ် " ဆိုပြီး သေနပ်ထောက် အမိန့်ပေးခိုင်းစေတယ်

ကားဆရာကလည်း " ဗိုလ်ကြီးရယ် ထမင်းစားတုန်း မို့ခဏလေး စောင့်ပါ" လို့ပြောပါတယ်

စစ်ကြောင်းမှူးက " ကျုပ်တို့ကအချိန်မရဘူး မြန်မြန်စား" လို့ပြောတယ်

ကားဆရာကလည်း "အချိန်မရရင် တ ခြားကားနဲ့သွား " ဖို့ပြောလိုက်တယ်

"မင်းကဘာကောင်မို့လို့လဲ " ဆိုပြီး ဆဲဆိုပြီး ထမင်းစား နေတဲ့ကားဆရာ မောင်ဖုန်းကို ပါးထရိုက် ပြီးရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံ ခဲ့တယ်

အဲဒီ ကစပြီး ကားဆရာမောင်ဖုန်းနဲ့့့စစ်ကြောင်းမှူးတို့ပြဿနာ ဖြစ်ပီး ကားဆရာ ဟာ
စစ်သားတွေအပေါ် စိတ်နာပြီး မကျေမလည်နဲ့ ခရီးဆက်ခဲ့ကြတယ်။

ခရီးထွက်ခါနီး ကားဆရာက သူ့ရဲ့စပယ်ယာဖြစ်သူကိုတော့ ဟွန်းသုံးချက်တီးပြီး အချက်ပေးတဲ့ နေရာရောက်ရင် ကားပေါ်ကနေ ခုန်ဆင်း ဖို့တခါထဲ မှာကြားထားတယ်။

ဒါကြောင့် ကားဆရာက သီပေါနဲ့ကျောက်မဲ ကြား အဲဒီတောင်ထိပ်က
အကွေ့ အဆင်းမတ်စောက်တဲ့နေရာ အရောက်မှာ စပယ်ယာကို အချက်ပြတဲ့အနေနဲ့ ဟွန်းသုံးချက်တီးပြီး ကားကိုချောက်ထဲမောင်းချလိုက်တော့တယ်

စပယ်ယာ ခုန်ဆင်းတာကို လှမ်းဆွဲလိုက်တဲ့ စစ်သားတစ်ယောက်
ကလည်း ပြုတ်ကျပြီး ကျန်ခဲ့လို့အသက်ရှင်ကျန်ခဲ့တယ်။
ကား ရယ် မောင်ဖုန်း နှင့် ကားနောက်ခန်းက စစ်သားတွေကတော့ ချောက်ထဲကျပြီး
သေဆုံး သွားခဲ့ပါတယ်

ခုတော့ အဲ့နားလေး မှာ အရံအတား လေးရယ် စေတီလေး တစ်ဆူ တည်ထား တာ ကို ရှမ်း ပြည်နယ် မြောက်ပိုင်း
ဖြတ်သွားတိုင်း မြင်တွေ့ကြရမှာပါ။

ကျနော်လည်း မောင်ဖုန်းတောင်နားရောက်တိုင် လေးစားဂုဏ်ပြု
သော အားဖြင့် ကားဟွန်းသုံးချက်တီး ပြီး ဆုတောင်းသတိရ အမျှဝေပါတယ်။
ပြည်သူတွေ စိတ်နာလာပြီဆိုရင်
အဲ့လိုတွေ ဖြစ်လာတတ်ပါတယ်။

ခုလဲ ပြည်သူတွေ မင်းတို့ကို စိတ်နာလှပြီ။ သိကြဖို့ပါ။

မူရင်းရေးသားသော Post အား Edit လုပ်ထားပါသည်။
အရေးတော်ပုံအောင်ရမည်

Credit :  #CJ22222 @ 21-May
t.me/YgnCH01



Tuesday, May 11, 2021

SO MANY GENLEE IN MYANMAR

 

နှစ်၆၀လောက် ဘာလို့ကျွန်ဖြစ်ခဲ့ကြလဲ တဖြည်းဖြည်းသဘောပေါက်လာသလိုပဲ..။
အခုထိ ဒီနိုင်ငံကဟာတွေလောက် $ မှတ်မရှိတာ ဒီကဟာတွေပဲ..၊အချိန်တန်ရင်ပြီးသွားမယ်လို့ ဟိုကတွေးတာလည်းမဆန်းဘူး..။ကောက်ရိုးမီးလို ထလောင်တဲ့ဟာတွေဆိုပြီး ဟိုဘက်ရပ်ကွက်က ရီပြီးပုတ်ပြနေလိမ့်မယ်..။
အမြဲပူဆွေးနေရမယ်လို့မဆိုလိုဘူး စားဝတ်နေရေးအတွက်လုပ်ကြ...mental wellness အတွက်လုပ်ကြ ဒါပေမယ့် အခြေခံလူကျင့်ဝတ်ကလေးတော့ သိကြပါ..။
အခုလည်း aircon နဲ့ WiFi နဲ့ privilege ခံနေရပြီးပြီပဲ..မကျေနပ်နိုင်သေးဘူးလား.??။အခြေခံ မရှိမဖြစ်မဟုတ်တဲ့အရာတွေကို အာသာပြေမလုပ်ကြပါနဲ့လား..။
ကိုယ့်ထက်ငယ်တဲ့ ကလေးတွေ တောထဲမှာ မှက်ကိုက် ခြင်ကိုက်နဲ့ ပင်ပန်းခံနေတယ်...။အမောပြေ social media တက်ကြည့်ရင်တောင် အောင်အတိတ် အောင်နိမိတ်နဲ့ အောင်စိတ်ပြည့်နေတဲ့ အားပေးစကားတွေပဲကြားချင်မြင်ချင်ကြလိမ့်မယ်..။သူ့တို့ရုန်းနေသလောက် အားမနားတမ်း ကွက်ကျားဒီမိုကရေ ရပြီး ဒွန့်နေတာတွေကို တွေ့ရင် ဘယ်လိုခံစားရမလဲ ကိုယ်ပဲစဉ်းစားကြည့်.။နို့ပြ ဖင်ပြတွေက အားအင်ပိုဖြစ်စေတယ်လို့ တွေးနေရင်တော့လည်း မပြောတတ်ဘူး..။
ပျော်တာလည်း ပျော်ကြပေါ့ကွာ..ဒီနေ့ပဲခူးမှာ တစ်လပြည့်လို့ မြင်းမူမှာ လည်း ကမ္ဘာပျက်နေတယ်နော်..။ကဗျာဆရာတွေ ပန်းချီဆရာတွေလည်း သေကြ ကြေကြ ဆွဲခံနေကြရပြီ..။တိုင်းရင်းသားတွေလို ဗုံးသံတွေကြားပြေးဖို့ မပြောသေးဘူး..တစ်နေ့တစ်နေ့ ညရင်တထိပ်ထိပ်နဲ့ အိပ်နေရတဲ့ ဝန်ထမ်းမိသားစုတွေနေရာကပဲ နည်းနည်းဝင်ခံစားကြည့်ကြပါလား..။
Legitimacy လိုချင်တဲ့သူကို နည်းမျိုးစုံနဲ့ resist လုပ်တဲ့ပွဲမလား..??
ပြောတော့ဖြင့် ဘူး သပိတ်ဆို..၊ဝန်ထမ်းတွေကျ ရုံးမတတ်နဲ့ဆိုပြီး သူတို့ပေးတဲ့vaccine တွေ ခိုးထိုး..၊သူတို့ဖွင့်တဲ့ဘုရားတွေ/beach တွေကြတွေ ခိုးသွားနေကြပါလားဟေ..။
သူများကျရုံးပြန်တတ်နေတာ မရှက်ဘူးလားလို အော်ပြီး ငါတော့ ပုံမှန်အခွန်ဆောင်မယ် ပျော်မယ် လည်ပတ်မယ်ဆိုတာ တရားရဲ့လား??
တစ်ဖက်ခြမ်းမှာ ကမ္ဘာပျက်နေပေမယ့် Woodland ရှေ့မှာ ကားပိတ်မတတ် ..၊hotel က ရေကူးကန်တွေ လျှံကျမတတ် $ မှတ်မရှိ ကြတဲ့ဟာတွေရေ...မြေပြန့်က ငါတို့ဗမာတွေစီမှာ တကယ်ဘာဆို ဘာမှ မရှိဘူးသိလား..။EAO တွေ လာမကယ်တော့မှ မငိုကြ မဆဲကြနဲ့..။
အဝေးကြီးမစဉ်းစားနဲ့..ကိုယ့် အတွက်ပဲကိုယ်ကြည့်ကြဦး..ဒီလောက် tense ဖြစ်နေတဲ့ အခြေအနေကြီးမှာ အဲဒီ club တွေ public place တွေသွားရင်း/မလိုအပ်သေးတဲ့ အပျော်ခရီးတွေသွားရင်း လမ်းမှာ အုန်းကနဲ စွပ်ခနဲဖြစ်ရင် ကိုယ်ပဲကြားထဲက ကားဦးမယ်..။နွေဦးသူရဲကောင်းဖြစ်မယ် မထင်နဲ့ ဘယ်သူမှ မသနားဘူး..။
ငါကြိုက်လို့ ငါလုပ်တဲ့ ဒီမိုကရေစီလိုတော့ လာမအော်ပါနဲ့....။ဒီမိုကရေစီဆိုတာ မြင့်ပါတယ် ..ကိုယ်ချင်းစာ တရားလေး အရင်ထားကြပါ.။
အရင်တည်းက ဘယ်သူချွတ်ချွတ် မကျွတ်တဲ့ ရေပေါ်စီ လူတနိးစားကို မပြောလိုတော့ပါဘူး..။သူများလုပ်လို့ ငါလိုက်လုပ်ရကောင်းနိုးနိုး ဖြစ်နေသူများကို ရည်ရွယ်ပါတယ်..။နည်းနည်းရုန်းလိုက်ရင် တစ်သက်စာ လွတ်ပြီဆိုတာ သိရက်နဲ့ လျှော့လိုက်ရင် ကိုယ့်လောက်မိုက်တဲ့သူ မရှိပဲနေပါမယ်..။
ကြီးကြီး ကို လိုချင်ရင် သေးသေးကို စွန့်လွှတ်ရင် စွန့်လွှတ်တတ်ရတယ်..။လက်တစ်ကမ်းရောက်နေမှပဲ..လပိုင်းတောင် မအောင့်နိုင်ပဲ.. အတုအယောင် ဒီမိုကရေစီမှာ သာယာနေကြရင်တော့ တစ်ကယ့် ဒင်းပြည့်ကျပ်ပြည့် ဒီမိုကရေ အစစ်ကို ရဖို့က ခက်နေလိမ့်မှာပဲ..။
Credit : CJ #22222 @May2021