Tuesday, May 4, 2021

ကဲသင်ရော ?

 

သူကတော့ ရှင်းတယ် ပေါ်တင်သတင်းပေးတယ် အလျော်အစားရှိတယ်
သူတို့ကျ တမျိုး ခုနွေဦးတော်လှန်ရေးက
သူတို့နဲ့ မဆိုင်သလိုဘဲဟ နေမြဲ စားမြဲ
ပျော်မြဲဘဲ
အစကတော့ ဟုတ်မလိုဗျ သပိတ်တွေဘာတွေ
မှောက်ပေါ့ နောက်ပိုင်း အပစ်အခတ် အဖမ်းအစီးများလာတော့ လုံသွားတာမှ
Fbတောင် ဒီသွားတာ ထမင်းတောင်
အိမ်ရှေ့ကနေ မီးဖိုချောင်မှာဘဲ စားတော့တာ
အာဏာစသိမ်းထဲက လန့်လိုက်တဲ့အလန့်က
သံဗုံးတီးလဲလန့် သေနပ်သံကြားလဲလန့်
ဖုန်းရိန်းတုန်း ကျယ်ရင်တောင်
လန့်နေတာပါဆို
နှလုံးရောဂါပါ ဖစ်မယ် အလန့်လွန်ပီး
သူကျ တမျိုး သပိတ်လဲမှောက်မယ်
အဘလဲ မမယ်ဆိုတဲ့အမျိုး
ဟိုဘက်လူး ဒီဘက်လူးနဲ့ မအားရဘူး
သူတို့ကျ လူလည်အမျိုးအစား
ဒလန်ကိုလဲ သတင်းပေးမယ်
ဒလန် ဆီကလဲ သတင်းယူမယ်
Comfort zone ထဲက ကျားတွေပေါ့
သူကျ ဝေါကို သွားမကြည့်နဲ့
တတ်ကြွတဲ့ ကြက်ဖ
Share လိုက်တဲ့ အရှယ်က
သူ့ဟာသူတောင် မှတ်မိပါ့မလား မသိဘူး
အဲ တခုဘဲ
အိမ်ထဲက အိမ်ပြင်မထွက်ရဲတာလေးတခုဘဲ
သူတို့ကတော့ ကီးဘုတ်ဖိုက်တာတွေပေါ့
အဲ (505)မကပ်မချင်း ထိုးမယ်ခွဲမယ်
ပါးပါးလှီးမယ် ဆိုတာကြီးဘဲ
#ဒလိ လဲရှိ‌သေးတယ်၊ ၅၀၅က တွေ စပြီးကြေငြာတာနဲ့ တင်ထားသမျှ အကုန် ဒလိတော့တာ 😝
ကဲသင်ရော ?
Credit : CJ #22222

No comments:

Post a Comment