Tuesday, May 4, 2021

" အမှန်တရားဘက်မှာ ငါတိုရပ်တည်ပြီ "

 

ကိုယ်တွေ CDM လုပ်တယ်ဆိုတာ သုံးလေးလလောက်ပဲမှန်းထားလို သူလုပ်လို့ ငါလုပ်လို့ အများစုလုပ်ကြလို့ လိုက်လုပ် အများဝင် ပြန်ဝင်မယ်ဆို တွေးခဲ့တာမဟုတ် အဆုံးထိတွေးပြီးသား

အာဏာသိမ်းတဲ့နေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်က ဆေးရုံမှာ ဂျူတီအထွက် မနက် ၃ နာရီကြီးအထိ မအိပ်ရသေးတဲ့အချိန်

ဖေ့ဘွတ်ပေါ် တက်ကြည့်တော့ အာဏာသိမ်း သတင်းတွေ သက်ဆိုင်ရာ ဝန်ကြီးတွေ အိမ်တွေမယ် လိုက် ဖမ်းဆီးလို လွှင့်ကြတဲ့ live ၃ နာရီဝန်းကျင်ကတည်းက တောက်လျှောက်တက်လာကတည်းက မအလတွေ ခွေးဇာတ်ခင်းပြီဟေ့ဆို သိတာနဲ့ ဒီ မအလတွေ အောက်တော့ ငါမလုပ်ဘူးဟေ့ဆို မိုးလဲလင်း ဆေးရုံက အထုပ်ဆွဲ ပြန်လာတာပဲ အဲ့အချိန် လူတွေခုလို မသေသေး မတရားသဖြင့် အသတ်မခံရသေးတဲ့ ကာလ

၂၀၁၅ မတိုင်ခင်က ရာထူးဝန်အတွက် ခေါ်တာတွေ ရှိပေမယ့် ဒီမအလတွေ လူပါးဝတာသိလို ဝင်ဖို စိတ်တောင်မကူးဘူး NLD တက်လာမှ နိုင်ငံအရွေ့ တနေရာမယ် ပါမယ် ဆိုပြီး ဝင်လာတာ ( သွသူနောက်ပိုင်း ကိုယ်မကြိုက်တာတွေ ရှိလာတာကတပိုင်း ) ဖောင်ကြီးမှာတောင် ဒီမအလတွေ လူပါးဝချင်တာတွေ အာဏာပြချင်တာတွေကို ဝိုင်းပြီး ပြန်ပညာပေးခဲ့ကြတာ စစ်ရေးပြ သက်သာ အေးစေ ကအစ မလုပ်နိုင်ငြင်း တန်းစီလျှောက်ဘာညာကအစ ငြင်း နောက်ဆုံး လေ့ကျင့်ခန်းတောင် တစ်နှစ်သုံးလေး ကြံ့ခိုင်ရေးတောင် လိ့မှ မဆိုကြဘူးဆိုလို တစ်နှစ်သုံးလေး ကျန်းမာရေးဆို ဒင်းတိုပြောင်းပေးခဲ့ရတာ

အရပ်သားအစိုးရအနေနဲ့ ဘယ်သူတက်တက် ဘယ်ဘဝရောက်ရောက် ဘယ်နယ်ပဲပိုပို သွားမယ် လုပ်မယ် ဒီမအလတွေ အာဏာရူးတွေ အောက်တော့ လိ့မှ မလုပ်နိုင်ဘူးဆို ၁ ရက်နေ့ကတည်းက ထွက်ခဲ့တာပဲ လှည့်ကိုမကြည့်တာမှ ၁ လပိုင်း လခတောင် သွားမထုတ်ဘူး အမွဲခံနေတာ ခုထိ

အဲ့အာဏာသိမ်းတဲ့နေ့ကတည်းက စဉ်းစားထားတာ အလုပ်ထွက်ဖိုပဲ CDM လား CDC လား အဲ့အချိန် သိလဲမသိသေးဘူး ကြားလဲမကြားဖူးဘူး အမှန်အတိုင်းပြောရရင် လူထုကို အထင်သေးမိတဲ့အထဲ ကိုယ်ပါတယ် အာဏာကို လွယ်လွယ်နဲ့ သိမ်းသွားမယ်လိုထင်ခဲ့တာ လူတွေလဲငြိမ်နေကြမယ်ပေါ့လေ အဲ့တာကြောင့် ကိုယ့်ဟာကိုယ်အပြီး အလုပ်ထွက်မယ် ဒီကောင်တွေအောက်တော့မလုပ်နိုင်ဘူးဘဲ တွေးတာ ကိုယ်နဲ့ စိတ်တူကိုယ်တူ ငါးယောက် ခြောက်ယောက်လောက်ကလဲ ကိုယ်နဲ့တူတူ ထွက်မယ်ဆို လုပ်ထားကြတာ ( ခုထိလဲ အဲ့သူတွေ CDM ပဲ ဘယ်သူမှ ပြန်သွားဖိုမရှိတဲ့ ကိုယ့်ရဲဘော်တွေ )

ကိုယ်တွေ တစ်လပိုင်းကမှ နောက်ဆုံးနှစ် MSc အောင်စာရင်းထွက်ရုံပဲရှိသေးတာ လက်ထဲ ဘာဘွဲလက်မှတ်မှမရသေး အခုပြန်ဝင်တဲ့ တချိုသူတွေလို ဘွဲလက်မှတ်လေးရရုံ နောက်လေးငါးခြောက်လ တစ်နှစ်စောင့်တယ်ဆိုရမှာပဲ မသိလိုမဟုတ် ဒီမအလတွေကို ရွံလိုကို ပြန်မသွားတာ ဘောတောင် မယူဘူးဆိုပြီး ထွက်လာတာ

ဆိုလိုတာက မအလ ပြုတ်ရင်ပြုတ် မပြုတ်ရင် ကိုယ်တွေလဲ ဆက်မလုပ်ဘူး တွေးပြီးသား နိုင်ငံခြားဘာညာ ထွက်ဖိုပလန်ရှိလိုလား စကော်လာတွေဘာတွရှိလို ပြင်ဆင်ထားလိုလား အပြင်မယ် မိဘက ဘောစိမိုလားဘာတစ်ခုမှ အဲ့တာတွေမရှိဘူး ကြိုတင်ပြင်ဆင်ထားတာ ဘာညာ ပလန်လဲ မရှိဘူး အကယ်၍ သွားရမယ်ဆိုရင်တောင် အကုန် အစကပြန်စရမှာ အဆက်အသွယ်လဲမရှိ အခြေခံ အင်္ဂလိပ်စာတောင် မီးကျိုးမောင်းပျက်ဖြစ်နေတာ ဒါပေမယ့် သွားဖို ပလန်လဲမရှိ ဆရာဝန်လဲဆက်လုပ်လိုမရရင် ကြုံသလို အသုပ်ပဲရောင်းရ ရောင်းရ ကြုံရာ တစ်ခုခုကနေ ဘဝပြန်စရ စရ လုပ်မယ် အဆုံးစွန် ထောင်ကျရင်ကျပစေ မအလတွေအောက်တော့ တစ်စက်ကလေးမှ အလုပ်လုပ်ပြီးမနေနိုင်တာပဲ

ဒါကြောင့်လဲ ခုထိ ရသလိုရှောင် ရသလို ကြုံသလို ရတဲ့နေရာက တော်လှန်နေ ဆက်တော်လှန်ဦးမှာပဲ အရေးတော်ပုံအောင်ပြီး မအလတွေ ပြုတ်မှ ပြန်ဝင်မှာပဲ CRPH NUG တွေ ဘာတွေ မစွံလို ဟိုဟာစိတ်ပျက်လို ဒီဟာစိတ်ပျက်လို တောင့်မခံနိုင်လို အောင့်မခံနိုင်လို မနိုင်တော့လိုတွေဆိုပြီး အကြောင်းပြချက်ပေါင်းတစ်သိန်းနဲ့ ကလေးကလား အကြောင်းပြ ပြန်ဝင်မှာမဟုတ်ဘူး

ကိုယ့်ဘော်ဒါတင်ထားသလိုပဲ

( မပြောကောင်းပြောကောင်း (ဖွဟဲ့)ပေါ့ မတော်လို ခွားသူတောင်းစားတွေ သက်ဆိုးရှည်သွားခဲ့ရင် အစထဲကပါမလာ ပါလာပြီးလမ်းတစ်ဝက်ကျမှလိုင်းပြောင်းသွားတဲ့ အရင်ကသူငယ်ချင်းမိတ်ဆွေ လုပ်ဖော်ကိုင်ဖက် ဆရာသမား ဘာညာ သရကာတွေ စုထိုင်ဖြစ်တဲ့အခါ ကိုယ်တွေကို မိုက်ခဲ့ကြတာ ရူးခဲ့ကြတာ အမျှော်အမြင်မရှိခဲ့ကြတာဆိုပြီး သနားသံလေးနှောပြီးခနဲ့နေကြမှာ အသေအချာပဲ

လောကကြီးကမတရားတာတော့သိပြီးသားပဲ

ဒါပေမယ့်နည်းနည်းတော့ Complaint တက်ပါရစေ

နည်းနည်းလောက်ငြီးပါရစေ

ဘယ်လိုပဲဖြစ်ဖြစ်ကိုယ်တွေပဲ ရူးနေမိုက်နေကြတာဆိုရင်တောင်

ဆက်ရူးနေလိုက်အုံးမယ်

ဆက်မိုက်နေလိုက်အုံးမယ်

ကိုယ်နဲ့ Like minded ဖြစ်တဲ့သူတွေတွေ့နေရသ၍ ဆက်လက်အမျှော်အမြင်မဲ့နေလိုက်အုံးမယ် )

အလိုမရှိသီချင်းထဲကလိုပေါ့

" အမှန်တရားဘက်မှာ ငါတိုရပ်တည်ပြီ "

Credit #22222

No comments:

Post a Comment