Saturday, May 8, 2021

MMTM Oil Terminal & Petro China

စက်သုံးဆီကို တရုတ်ကုမ္ပဏီက မှောင်ခိုစျေးနဲ့ သွင်းနေကြောင်းသိရ
ဧရာဝတီတိုင်းမ် @ 08-May 2021
မြန်မာနိုင်ငံသို့ စက်သုံးဆီ တင်သွင်းရေးကို စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့လိုက်မှုကြောင့် ယခင်က မလေးရှားနှင့် စကာ်ပူနိုင်ငံတို့မှ တင်သွင်းမှု ရပ်ဆိုင်းသွားပေမယ့် အာဏာသိမ်းစစ်ကောင်စီ၏ အမာခံဖြစ်သူ တရုတ်ကုမ္ပဏီဘက်မှ စျေးနှုန်းကြီးစွာဖြင့် တင်သွင်းနေကြောင်း စက်သုံးဆီ ရောင်းချသူများနှင့် မြန်မာ့ရေနံနှင့် ဓာတုလုပ်ငန်းမှ ဝန်ထမ်းတချို့က အတည်ပြုပြောဆိုသည်။
တရုတ်နိုင်ငံဘက်မှ တရုတ်အစိုးရနှင့် နီးစပ်သော Petro China Co.Ltd က တင်ပို့ပြီး မြန်မာနိုင်ငံဘက်မှ မြတ်မေတ္တာမွန်ကုမ္ပဏီက အဓိက ဖြန့်ဖြူးပေးလျှက်ရှိကြောင်း မြန်မာ့ရေနံလုပ်ငန်း MPE မှ ဝန်ထမ်းတဦးက ပြောသည်။
"အာဏာမသိမ်းခင်က ဓာတ်ဆီ 92 တလီတာကို ၆၀၀ ကျပ်ကျော်ကနေ အခု ၉၀၀ ကျပ်ကျော်အထိ သီလဝါဆိပ်ကမ်းထုတ်စျေးတင် တအားတက်နေတာ။ အဓိက တင်သွင်းတာကလည်း စျေးကြီး(မှောင်ခိုစျေး) နဲ့သွင်းရတာ။ စကာ်ပူက ဆီသဘော်တွေဟာ ပင်လယ်ပြင်ထဲမှာတင် တရုတ်သဘော်နဲ့ပြောင်းပြီး သီလဝါကို ဝင်လာတယ်" ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အတွက် မြန်မာနိုင်ငံသို့ နိုင်ငံခြားမှ စက်သုံးဆီ တင်သွင်းမှု ရပ်တန့်နိုင်ရေးက တချို့ပညာရှင်များ ပြောဆိုနေသည့် မြတ်မေတ္တာမွန် ကုမ္ပဏီ လုပ်ငန်းစုမျိုးကို စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့နေရုံနှင့်မပြီးပဲ အစိုးရပိုင် စီးပွားရေး လုပ်ငန်းဖြစ်သည့် မြန်မာ့သစ်လုပ်ငန်း၊ မြန်မာ့ပုလဲ လုပ်ငန်းစုတို့လို မြန်မာ့ရေနံလုပ်ငန်း MPE ကိုပါ ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းထဲ ထည့်မှရမည်ဟု သူက ဆက်ဆိုသည်။
ပြည်တွင်းတွင် ချက်ပြီး ပြန်ဖြန့်ဖြူးရေးမှာလည်း မေလ ၇ ရက်နေ့ကစပြီး ရေနံစိမ်းကုန်ကြမ်းတင်သွင်းမှု ရပ်တန်းသွားပြီဖြစ်ကြောင်း သိရသည်။
ထို့အပြင် လေယာဥ်ဆီနှင့်ပက်သက်ပြီး ယခင်က Puma ကုမ္ပဏီကသာ ဖြန့်ဖြူးနေခဲ့ရာမှ စစ်အာဏာသိမ်းပြီးနောက် Puma က မြန်မာနိုင်ငံက ပြန်ထွက်သွား​၍ စကာ်ပူနိုင်ငံမှတဆင့် ပင်လယ်ပြင်တွင် သဘော်ချိန်ကာ Petro China ကုမ္ပဏီကပင် နာမည်ခံကာ တင်သွင်းလျှက်ရှိကြောင်း Puma ကုမ္ပဏီ ဝန်ထမ်းဟောင်းက ပြောသည်။
မြန်မာနိုင်ငံဘက်မှ တာဝန်ခံသည့် ကုမ္ပဏီသည် ယခု စစ်ကောင်စီက ခန့်အပ်ထားသည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီး ဦးသန့်ဇင်၏ ကုမ္ပဏီ ဖြစ်သော Asia Sun ကုမ္ပဏီဖြစ်သည်။
မြန်မာနိုင်ငံတွင် လေယာဥ်ဆီနှင့်ပက်သက်ပြီး သီလဝါ ဆိပ်ကမ်းတွင် ဂါလံ ၁ သိန်းဆံ့ သံကန် ၄ လုံး၊ မဂ်လာဒုံလေဆိပ်တွင် ဂါလံ ၁ သိန်းဆံ့ သံကန် ၃ လုံးရှိသော်လည်း လက်ကျန်ဆီ မည်မျှရှိသည်ကို အတိအကျ စုံစမ်းမရသေးပေ။
သို့သော် သရက်နှင့် အထက်မင်းလှကြားရှိ မန်းသံပရာရေနံမြေတွင် ​လေယာဥ်ဆီ ၂ သန်းရှိနေကြောင်း၊ စစ်ကောင်စီ လေတပ်အတွက် တရက်လျှင် မန်းသံပရာကန်မှ ဂါလံ တသောင်း နေ့စဥ်ထုတ်ယူနေကြောင်း မန်းသံပရာကန်ရှိ ဝန်ထမ်းတဦးက ပြောသည်။
"မန်းသံပရာကန်က စစ်သုံးအတွက် သီးသန်းထားထားသလို လုပ်ထားတယ်။ တရက်ကို ဂါလံတသောင်းဆိုတော့ ၆ လသာလောက်အထိတော့ လောက်အောင်စီစဥ်ထားသလိုပေါ့" ဟု သူကဆိုသည်။
ထို့အပြင် တရုတ်နယ်စပ်နှင့် နီးသည့် လေယာဥ်ကွင်းများရှိ စစ်သုံးလေယာဥ်များအတွက် တရုတ်နိုင်ငံမှ လေယာဥ်ဆီသယ် ဘောက်ဆာများဖြင့်လည်း တင်သွင်းနေသည်ဟု သိရသည်။


No comments:

Post a Comment